Myanma Foreign Trade Bank
Department >> Opening Deparment
  1. မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်နိုင်သော စာရင်းအမျိုးအစား
  2. နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့် နိုင်ငံခြားငွေ အမျိုးအစား
  3. မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားရှိသော စာရင်းအမျိုးအစားများ
  4. မြန်မာနိုင်ငံသားများနိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ
  5. နိုင်ငံခြားငွေစာရင်းဖွင့်လှစ်နိုင်သော နိုင်ငံသားများ
  6. နိုင်ငံခြားသားများ ငွေစာရင်းဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ
  7. သံရုံးနှင့် သံရုံးဝန်ထမ်းများ၏ စာရင်းများ
  8. နိုင်ငံခြားသားပိုင် ကုမ္ပဏီများ
  9. နိုင်ငံခြားသားပိုင် ကုမ္ပဏီများ
  10. အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ
  11. လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူများ

ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ခြင်း

    ပို့ကုန်လုပ်ငန်းဆောင်ရွက်ရန်လိုအပ်ချက်များ
  • လျှောက်လွှာ
  • ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ပို့ကုန်လိုင်စင်
    သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန်လိုအပ်ချက်များ
    (က) သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်းအစိုးရဌာနများအတွက်
  • လျှောက်လွှာ
  • သွင်းကုန်လိုင်စင်
  • Proforma Invoice/Firm Order/Contract
  • ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှနိုင်ငံခြားငွေသုံးစွဲခွင့်ခွင့်ပြုမိန့်
  • ပုဂ္ဂလိကလုပ်ငန်းများအတွက်
  • လျှောက်လွှာ
  • သွင်းကုန်လိုင်စင်
  • Proforma Invoice
  • ငွေလွှဲစာတမ်းတန်ဖိုးနှင့်ဘဏ်စရိတ်အတွက်နိုင်ငံခြားငွေစာရင်းမှ
    ငွေနှုတ်ယူခွင့်(Debit Note)
  • (ခ) သွင်းကုန်ဘီလ်ထုတ်ယူခြင်း
  • သွင်းကုန်လိုင်စင်
  • ဘီလ်ထုတ်ယူခွင့်လျှောက်လွှာ
  • ဘဏ်စရိတ်အတွက်နိုင်ငံခြားငွေစာရင်းမှငွေနှုတ်ယူခွင့်(Debit Note)
  • Letter of Indemnity
  • သွင်းကုန်အတွက်နိုင်ငံခြားသုံးငွေလွှဲခွင့်လျှောက်လွှာ

ဘဏ်အာမခံဆောင်ရွက်ခြင်း

    ဘဏ်အာမခံထုတ်ပေးရာတွင်လိုအပ်ချက်များ
    အစိုးရဌာနများအတွက်
  • ဘဏ်အာမခံထုတ်ပေးရန်လျှောက်လွှာ
  • ဘဏ်အာမခံပုံစံ
  • စာချုပ်မိတ္တူ
  • ပုဂ္ဂလိကလုပ်ငန်းများအတွက်
  • ဌာနဆိုင်ရာနှင့်ကုမ္ပဏီ၏လျှောက်လွှာ
  • ဘဏ်အာမခံပုံစံ
  • ဘဏ်အာမခံတန်ဖိုးနှင့်ကော်မရှင်ပေးသွင်း
    ကြောင်းအထောက်အထား
  • Performance Guarantee အတွက်
    Firm Order/Contract မိတ္တူ
  • ဘဏ်အာမခံပယ်ဖျက်ခြင်းအတွက်လိုအပ်ချက်များ
    အစိုးရဌာနများအတွက်
  • လျှောက်လွှာ
  • ဘဏ်အာမခံမူရင်း
  • ပုဂ္ဂလိကလုပ်ငန်းများအတွက်
  • ဌာနဆိုင်ရာနှင့်ကုမ္ပဏီ၏လျှောက်လွှာ
  • ဘဏ်အာမခံမူရင်း
  • ဘဏ်အာမခံစပေါ်တင်သွင်းငွေ(Deposit)ကို ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်းသို့ ပြန်လည် ထည့်သွင်းလိုပါက Debit Advice မူရင်း

ပြည်ပသို့ငွေလွှဲပေးပို့ရာတွင်လိုအပ်ချက်များ

    ပြည်ပသို့ငွေလွှဲပေးပို့ရာတွင်လိုအပ်ချက်များ
    အစိုးရဌာနများအတွက်
  • နိုင်ငံခြားငွေသုံးစွဲရန်ခွင့်ပြုမိန့်/ငွေလွှဲခွင့်ပြုကြောင်းအကြောင်းကြားစာ
  • ပြည်ပသို့ငွေလွှဲပေးပို့ရန်လျှောက်လွှာ
  • Fund Transfer Application/Draft Order Form
  • Invoice/ Firm Order/ Sale Contract
  • ပုဂ္ဂလိကလုပ်ငန်းများအတွက်
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ခွင့်ပြုစာ
  • ပြည်ပသို့ငွေလွှဲပေးပို့ရန်လျှောက်လွှာ
  • Fund Transfer Application/Draft Order Form
  • Invoice/ Firm Order/ Sale Contract

ပြည်ပခရီးသွားခြင်းအတွက်ဆောင်ရွက်ခြင်း

    နိုင်ငံ့ဝန်ထမ်းပြည်ပသွားသူများငွေလဲလှယ်ရန်
    လိုအပ်ချက်များ
  • ပြည်ပသွားခွင့်ပြုမိန့်(DO)
  • ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှခွင့်ပြုမိန့်
  • နိုင်ငံကူးလက်မှတ်
  • ၀တ်စုံစရိတ်ခံစားခွင့်ရှိပါက၀တ်စုံစရိတ်ထောက်ခံစာ
  • ချက်လက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)ငွေသားဖြင့်ထုတ်ယူပါက သက်ဆိုင်ရာခွင့်ပြုသူ၏လက်မှတ်နှင့် အကြောင်းကြားစာ
  • ပြည်ပခရီးသွားခြင်းအတွက် US$ 100 လဲလှယ်ရန်လိုအပ်ချက်များ
  • လျှောက်လွှာ
  • ထွက်ခွာခွင့်ပုံစံ( မူရင်း ၊ မိတ္တူ )
  • လေယာဉ်လက်မှတ်( မူရင်း ၊ မိတ္တူ )
  • နိုင်ငံကူးလက်မှတ်( မူရင်း ၊ မိတ္တူ )
  • ပြည်ပသို့ခရီးသွားခြင်းအတွက် ကုမ္ပဏီ/ကိုယ်ပိုင်ဘဏ်စာရင်းမှ US$ ထုတ်ယူရန် လိုအပ်ချက် များ
  • စာရင်းပိုင်ရှင်/ကုမ္ပဏီ၏လျှောက်လွှာ
  • ထွက်ခွာခွင့်ပုံစံ( မူရင်း ၊ မိတ္တူ )
  • လေယာဉ်လက်မှတ်( မူရင်း ၊ မိတ္တူ )
  • နိုင်ငံကူးလက်မှတ်( မူရင်း ၊ မိတ္တူ )
  • နိုင်ငံခြားငွေမှတ်တမ်းစာအုပ်( မူရင်း ၊ မိတ္တူ )
  • ထုတ်ယူမည့်ငွေပမာဏကြီးမားပါကဘဏ္ဍာရေး
    ဌာန၏ခွင့်ပြုချက်ရယူရန်

MFTB WORKER’S REMITTANCE

  • - မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် စင်္ကာပူနိုင်ငံ တွင် ရရှိသည့် မိမိ၏လစာငွေကို မြန်မာနိုင်ငံရှိ မိမိ၏မိသားစုဝင်များ၊ဆွေမျိုးများသို့ လွှဲပို့ရန် အတွက်အခက်အခဲ ဖြစ်နေပါသလား ?
  • - တရားမဝင်ဟွန်ဒီလမ်းကြောင်းနှင့် ပို့သည့်အခါ စရိတ်ထောင်း၍ လုံခြုံစိတ်ချရမှုမရှိသည် ကို စိုးရိမ်နေပါသလား?
  • - ဟွန်ဒီတွေ ပိတ်တော့မည်ကြား၍ ငွေပို့မရမည်ကို ပူပန်နေပါသလား ?
  • - MFTB မှ စင်္ကာပူနိုင်ငံရောက် မြန်မာများ မိမိတို့ လုပ်ခလစာကို လုံခြုံစိတ်ချရမှု အရှိဆုံး ၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့် လွှဲပို့ပေးသော ဝန်ဆောင်မှုကို စင်္ကာပူနိုင်ငံရှိ DBS Bank, DBS Bill Payment Service On-Line Banking System ဖြင့်ချိတ်ဆက်ပြီး ဆောင် ရွက်ပေးသည့် ဝန်ဆောင်မှုအသစ်ကို ရယူနိုင်ပါပြီ။

DBS ON-LINE BANKING ဖြင့် ငွေလွှဲပို့နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

  • - စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူနှင့် မြန်မာနိုင်ငံတွင် ငွေထုတ်ယူမည့် ကိုယ်စားလှယ်တို့မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ပူးတွဲနိုင်ငံခြားငွေစာရင်းနှင့် ကျပ်ငွေစာ ရင်း / MPU ကျပ်ငွေစာရင်းတို့ကို ဖွင့်လှစ်သွားရပါမည်။
  • - စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်သူမှ စင်္ကာပူနိုင်ငံရှိ DBS Bank တွင် စင်္ကာပူဒေါ်လာငွေ စာရင်းကို ဖွင့်ထားရပါမည်။
  • - ငွေလွှဲပို့သည့်အခါ Mobile Banking (သို့မဟုတ်) Internet Banking မှ DBS IDEAL Application ကို အသုံးပြုရပါမည်။
  • - အများဆုံးစင်္ကာပူဒေါ်လာ ၅၀၀၀/- အထိ လွှဲပို့နိုင်ပါမည်။

ဝန်ဆောင်မှုပေးချိန်

  • - DBS Bill Payment Service Mobile Banking (သို့မဟုတ်) Internet Banking ဝန်ဆောင်မှုကို နေ့စဉ် ၂၄ နာရီအပြည့် ဝန်ဆောင်မှုပေးပါသည်။

လွှဲပို့ငွေလက်ခံရယူပုံ

  • - Online မှ ငွေလွှဲပို့ပြီးပါက လွှဲပို့ငွေသည် နောက်တစ်နေ့တွင် MFTB သို့ရောက်ရှိ ပါမည်။ ထိုအချိန်တွင် MFTB သည် ဈေးကွက်ပေါက်ဈေးဖြင့် မြန်မာကျပ်ငွေကို သက်ဆိုင်ရာ ကျပ်ငွေစာရင်း၊ MPU ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးမည် ဖြစ်ပါသည်။မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ငွေထုတ်ယူမည့်သူသည် နီးစပ်ရာ ATM စက်များတွင် မြန်မာကျပ်ငွေကို ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

MFTB Daily Exchange Rate သိရှိရန်

  • - နေ့စဉ်သတ်မှတ်သည့် ငွေလဲလှယ်နှုန်းကို MFTB ၏ wetsite (http://www.mmftb.com) သို့ဝင် ရောက်၍ နေ့စဉ်တစ်ကမ္ဘာလုံးမှ ကြည့်ရှုနိုင်ပြီး လွယ်ကူစွာ Download ရယူနိုင်ပါသည်။

လွှဲပို့ငွေများကိုလက်ခံရယူနိုင်မည့်နည်းလမ်းများ

  • - ငွေလက်ခံမည့်သူသည် မြန်မာကျပ်ငွေ ငွေသားဖြင့် ထုတ်ယူလိုပါက ဘဏ်ဖွင့်ရက်၊ ဘဏ်ဖွင့် ချိန်အတွင်း MFTB ၌ ချက်ချင်းထုတ်ယူနိုင်ပါသည်။
  • - ATM Card Account ဖွင့်လှစ်ထားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ATM စက် များတွင်လည်းကောင်း၊ MPU Card ဖြင့် အသုံးပြုနိုင်သည့် ပြည်တွင်း တိုင်းနှင့် ပြည်နယ် အသီးသီးရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ ATM စက်များတွင် လည်းကောင်း၊ မိမိအလိုရှိသည့်အချိန်တွင် လိုအပ်သည့်ငွေပမာဏကို မြန်မာကျပ်ငွေ ငွေသားဖြင့် အချိန်မရွေး ထုတ်ယူနိုင်ပါသည်။
  • - လွှဲပို့ငွေနှင့်ညီမျှသည့် မြန်မာကျပ်ငွေကို အခြားပြည်တွင်းဘဏ်များတွင် ဖွင့်လှစ် ထားသည့် မြန်မာကျပ်ငွေစာရင်းသို့ လွှဲပြောင်းလက်ခံလိုပါက လွှဲပြောင်းပေးမည် ဖြစ်ပါသည်။

ငွေလွှဲပို့ဝန်ဆောင်ခ

  • - လောလောဆယ်တွင် စင်္ကာပူရောက် မြန်မာအလုပ်သမားများအတွက် အထူးအစီအစဉ် အဖြစ် အခမဲ့ဝန်ဆောင်မှု ပေးပါမည်။

ရရှိမည့်အကျိုးကျေးဇူးများ

  • - စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲပို့ရာ တွင် စင်္ကာပူနိုင်ငံရှိ ဘဏ်တစ်ခုခုသို့ ဘဏ်ဖွင့်ရက်၊ ဘဏ်ဖွင့်ချိန်အတွင်းသွားရောက်၍ ငွေလွှဲကိစ္စ ရပ်များ ဆောင်ရွက်ရန်မလိုဘဲ ၊ DBS Bank ၏ Mobile Banking (သို့မဟုတ်) Internet Banking မှတဆင့်(၂၄)နာရီ မိမိအားလပ်သည့်အချိန်တွင် ငွေလွှဲကိစ် စဆောင်ရွက်နိုင်ပါမည်။
  • - ပြင်ပငွေလွှဲအေးဂျင့်များမှတဆင့် ဟွန်ဒီနှင့် ငွေလွှဲခြင်းအတွက် ငွေလွှဲအေးဂျင့်များထံ သွားရမည့် အချိန်ကုန်ခြင်း၊လူပင်ပန်းခြင်းတို့ကို သက်သာစေပါမည်။
  • - စင်္ကာပူမှမြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့ရာတွင် ဟွန်ဒီအစားဘဏ်များကို အသုံးပြု၍ လွှဲပို့ခြင်းဖြစ်သဖြင့် ငွေလွှဲခြင်းအတွက် လုံခြုံမှုရှိခြင်း၊ စိတ်ချယုံကြည်မှု ပိုမိုရရှိခြင်း၊ ငွေကြေးဆုံးရှုံးမှု အန္တရာယ်လုံးဝမရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
  • - DBS S’poreနှင့် MFTB အကြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းသည် ဘဏ်အချင်းချင်း သီး ခြားသဘောတူညီချက်ဖြင့် ဆောင်ရွက်ပေးမည့် အထူးငွေလွှဲဝန်ဆောင်မှုဖြစ်ပါသဖြင့် စင်္ကာပူ တွင် ငွေလွှဲပို့သူအနေဖြင့် ဘဏ်စရိတ် စင်္ကာပူဒေါ်လာ (၅) ဒေါ်လာကုန်ကျရုံဖြင့် ငွေလွှဲပို့ နိုင်ပြီး မြန်မာနိုင်ငံရှိ ငွေလက်ခံသူအနေဖြင့် ပုံမှန်ငွေလွှဲအဝင်စရိတ်Inward Remittance Charges USD 15/- ကိုထပ်မံပေးဆောင်ရခြင်းမရှိဘဲ သက်သာသောဝန်ဆောင်မှုကို ရရှိ မည်ဖြစ်ပါသည်။
  • - ဤအစီအစဉ်ကို အသုံးပြုခြင်းဖြင့် လွှဲပို့ငွေအတွက် စုစုပေါင်းငွေလွှဲစရိတ်များစွာ သက်သာစေပါမည်။

Now Available , Please Contact

  • - Office –DBS Bank Ltd, Singapore , 12, Marina Boulevard, Level 44 ,DBS Asia Central @ Marina Bay ,Financial Centre Tower 3 , Singapore 01 89 82
  • - Website – www.dbs.com , Business Care – 1800 260 8080 , 65 6260 8080
  • - Office –Myanma Foreign Trade Bank , No.80-86,Mahabandoola Garden St, Kyauktada Township , Yangon ,Myanmar
  • - Phone – 95-01-375324(Office Hours) ,– 95-01-385034 Fax–95-01-254586 ,
  • - Hot Line – 95-01-380616 (24/7) , Email – mftbygn1@myanmar.com.mm ,
  • - Website – www.mmftb.com.mm